Myan Shwe Pyi Tractors Ltd.

business class

43-47, Kyan Sit Thar Rd., Industrial Zone, Ward (109), East Dagon Township, Yangon , Myanmar
About Us

Founded in 2014
Myan Shwe Pyi Tractors Limited owns and operates MSP CAT, Myanmar’s premier Caterpillar dealership. We are focused on improving our customers’ business by providing products that increase productivity and efficiency. MSP CAT is a total solution provider, offering the lowest costs for the lifecycle of heavy machine equipment and power systems equipment while giving the best product support available through our customer service and training.With over eighteen locations and more than 800 employees, MSP CAT can serve your needs anywhere in Myanmar.

မြန်ရွှေပြည်ထရက်တာလီမိတက် (MSP CAT)

nn

မြန်မာနိုင်ငံရှိ စက်ယနရားသုံးစွဲသူများ၏ လိုအပ်ချက်များကိုnဖြည့်ဆည်းပေးရာတွင် ဦးဆောင်သူဖြစ်လာရန်နှင့် Caterpillar ၏ ကမ္ဘာ့အဆင့်မီ အရောင်းကိုယ်စားလှယ်ဖြစ်လာရန်ရည်ရွယ် မြန်ရွှေပြည်ထရက်တာလီမိတက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

nn

၂၀၁၁ခုနှစ်တွင် Caterpillar ၏ ယခင်nမြန်မာနိုင်ငံ အရောင်းကိုယ်စားလှယ် တစ်ခုဖြစ်သော Myanmar Tractors Ltd.,ကိုမြန်ရွှေပြည်ထရက်တာလီမိတက်(MSP-CAT)nမှလက်ဝယ်ပိုင်ဆိုင်ခဲ့ပြီးမြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။ MSPnCAT သည် Caterpillar ၏ အရောင်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်လျှက်ရှိပြီး မြန်မာနိုင်ငံတွင်n၁၉၉၅ခုနှစ်မှ စတင် ဖြန့်ဖြူး ရောင်းချခဲ့သော ထုတ်ကုန်ပစ္စည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာnနည်းပညာများကို ဆက်လက် ပံ့ပိုးပေးနေခဲ့ပါသည်။

nn

စက်ယန္တရားလုပ်ငန်းကဏ္ဍတွင်nCaterpillar ၏ စက်ယန္တရားပေါင်း ၃၀၀ ကျော် ပါဝင်သော စက်အမျိုးအစားများကို စံအဖြစ် သတ်မှတ်ထားပါသည်။nMSP CAT သည် ယုံကြည်စိတ်ချမှုအရှိဆုံးနှင့် တာရှည်အခံဆုံးသော စက်ယန္တရားများကို အကောင်းဆုံးnဖြန့်ဖြူးရောင်းချလျှက် ရှိပါသည်။ ထို့အပြင် အဆိုပါ စက်ယန္တရားများနှင့်သက်ဆိုင်သောnပံ့ပိုးမှုစနစ်များ (Product Support Systems) ကိုပါ ဆောင်ရွက်လျှက်ရှိပါသည်။ ကျွန်ုပ်တို့၏nစက်ယန္တရားများကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းများ အလုပ်ပိုမို ပြီမြောက်လာနိုင်ပြီးnအလေအလွင့် နည်းပါးကာ ထုတ်လုပ်မှုကို ပိုမိုမြင့်မားလာနိုင်ပါသည်။  လုပ်ငန်းယာယီလိုအပ်ချက်များအတွက် အသုံးပြုရန် စက်ပစ္စည်းများnလိုအပ်လာပါကလည်း ငှားရမ်းအသုံးပြုခြင်း သို့မဟုတ် တပတ်ရစ်စက်ပစ္စည်းများ ၀ယ်ယူခြင်းစသည်ဖြင့်nMSP CATမှ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထိုဝန်ဆောင်မှုက လူကြီးမင်းတို့၏ အရင်းအနှီး ကုန်ကျစရိတ်ကိုnနည်းပါးစေနိုင်ပြီး ယုံကြည်စိတ်ချရသော စက်ပစ္စည်းများကို ပိုင်ဆိုင်ရရှိစေနိုင်ပါသည်။

nn

လူကြီးမင်းတို့၏ ဒီဇယ်၊ ဂတ်စ်၊ HFOnဂျန်နရေတာစက်များမှသည် စွမ်းအင်ထောက်ပံ့မှုများ (power supplies)၊ automaticntransfer switches များ၊ electrical switchgear များအထိ MSP CAT ၏ အတွေ့အကြုံ ပြည့်ဝသောအဖွဲ့ကnလူကြီးမင်းတို့ လိုအပ်သော စွမ်းအင်စနစ်များနှင့် ၀န်ဆောင်မှု အကူအညီများကို ပံ့ပိုးပေးရန်nအသင့်ရှိနေပါသည်။ လျှပ်စစ်စွမ်းအင်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေကြောင်းဆိုင်ရာ၊nစက်ရုံသုံး အင်ဂျင်နှင့် မီးရထားစက်ခေါင်းအင်ဂျင် (Industrial and LocomotivenEngine) စီးပွားရေးလုပ်ငန်းများအတွက်လည်း စွမ်းအင်စနစ်များကို ပံ့ပိုးပေးနိုင်ပါသည်။

nn

Caterpillar အပြင် MSP CAT သည် အခြားသောnနာမည်ကျော်တံဆိပ်ဖြစ်သည့် Lamborghini လယ်ယာသုံး ထွန်စက်များ၊ Metso သတ္တုတွင်းလုပ်ငန်းသုံးnစက်ပစ္စည်းများ၊ Fiori ရွေ့လျားနိုင်သော ကွန်ကရိဖျော်စက်များ (Mobile BatchingnPlant) နှင့် နှစ်မျိုးသုံးပစ္စည်းသယ်ယာဉ်များ (Bidirectional Dumper) စသည်တို့၏ ကိုယ်စားလှယ်အဖြစ်လည်းnဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက် ကျယ်ပြန့်လာသည်နှင့်အမျှnစက်ပစ္စည်း အမျိုးအစား အသစ်များကို တင်သွင်းပေးရန်လည်း စီစဉ်ထားပါသည်။

nn

စက်အပိုပစ္စည်းကတွင်လည်း MSP CAT သည် ရုံးခွဲများအားလုံးတွင်nလိုအပ်သည့် စက်အပိုပစ္စည်းများအား ထားရှိပေးပြီး လူကြီးမင်းတို့အတွက် ပြီးပြည့်စုံစွာပံ့ပိုးလျှက်ရှိပါသည်။nထိုပစ္စည်းများကို အရေအတွက် ပမာဏ လုံလောက်စွာထားရှိပေးပြီး မည်သည့်အချိန်တွင်မဆို အလွယ်တကူnရရှိနိုင်ရန် စီစဉ်ထားပါသည်။ MSP CAT သည် မြန်မာနိုင်ငံတစ်ဝန်း သုံးစွဲသူများကို အကောင်းဆုံးn၀န်ဆောင်မှုပေးနိုင်ရန် သန္နိဌာန် ချမှတ် ထားပါသည်။ Caterpillar မှ လေ့ကျင့်သင်ကြားပေးထားပြီးnနည်းစနစ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ရရှိ ထားသော ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကnလူကြီးမင်းတို့၏ ကုန်ထုတ်လုပ်မှု မြင့်မားစေရန် ရည်ရွယ်၍ လျှင်မြန်ထိရောက်သော ၀န်ဆောင်မှုများကိုပေးမည်ဖြစ်ပါသည်။

nn

အထက်ဖော်ပြပါအချက်များအပြင် ကျွန်တော်များnMSP CAT မှ လုပ်ငန်းခွင်အရောက် ၀န်ဆောင်မှု၊ ခေတ်မှီစက်ပြုပြင်ရုံများ၊ ပြုပြင်ထိန်းသိမ်းခြင်းnအစီအစဉ်၊ စက်အသုံးပြုသူများအတွက် သင်တန်း၊ လက်တွေ့သရုပ်ပြသင်တန်း၊ တတ်သိပညာရှင် လူ့စွမ်းအားnအရင်းအမြစ်များ ဖွံ့ဖြိုးစေခြင်း၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးnတို့ကိုလည်း စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။

nn

Products and Services

  • Machines
  • Power System
  • Parts
  • Allied Products

Categories

  • Generators & Transformers Sales/Services & Rental
  • Construction Materials
Last Updated 3 years ago