Min Han Terrazzo Co., Ltd.
About Us
“မင်းဟန်တာရာဇို” လုပ်ငန်းသည် မိဘ၏လုပ်ငန်းအမွေအနှစ်ဖြစ်၍ ဦးမင်းဟန်မှ ဆက်လက်အမွေခံ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဦးမင်းဟန်၏ ဖခင်ဦးရွှေမိတ်သည် ဤတာရာဇိုလုပ်ငန်းကို ၁၉၆၃ ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် “ရွှေမိတ်တာရာဇိုလုပ်ငန်း” အမည်ဖြင့် ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ပုဂ္ဂလိကတာရာဇိုလုပ်ငန်းဖြစ်ပြီး အီတလီနိုင်ငံလုပ် တာရာဇိုစက်ကြီးဖြင့် အရွယ်စုံ အရောင်စုံတာရာဇိုကျောက်ပြားများကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ ဤလုပ်ငန်းကိုလုပ်ကိုင်နေစဉ် ဦးရွှေမိတ်သည် B.Sc နောက်ဆုံးနှစ်စာမေးပွဲကို ဖြေဆိုအောင်မြင်၍ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ်(၁၉)(ကျောက်မျက်ရတနာ) သို့ဝင်ရောက်အမှုထမ်းဆောင်ခဲ့ပါသည်။ ဦးရွှေမိတ်သည် နိုင်ငံဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်စဉ် ဇနီးဒေါ်သန်းမြင့်မှ “မင်းဟန်တာရာဇို” လုပ်ငန်းအမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဦးမင်းဟန်သည် စက်မှုတက္ကသိုလ်တက်ရောက်နေစဉ် ဖခင်ဖြစ်သူမှ ဦးမင်းဟန်အား လက်ဆင့်ကမ်းပေးခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဦးမင်းဟန်သည် B.E(Civil) ဘွဲ့ရရှိခဲ့ပါသည်။ နိုင်ငံတော်၏လုပ်ငန်းများအား ဦးမင်းဟန်မှလုပ်ဆောင်ခဲ့ပါသည်။ ယနေ့ထိလည်း ပြည်ပမှနည်းပညာအသစ်များဖြင့် “မင်းဟန်တာရာဇို” လုပ်ငန်းအမည်ဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
Products & Services
- Since 1982
- တာရာဇိုကြမ်းခင်းများဟာအခြားကြွေပြားကြမ်းခင်းများနှင့်မတူဘဲနှစ်ပေါင်းများစွာခိုင်ခံ့မှုရှိခြင်း
- တာရာဇိုကြမ်းခင်းများပေါ်ကိုကားများဖြတ်၍မောင်းနှင်နိုင်ခြင်း
- White Cement ရောင်းသည်။ Colour Cement ရောင်းသည်။ တာရာဇို လုပ်ငန်းသုံး စက်ပစ္စည်းအားလုံး နှင့် စက်များ တစ်နေရာထဲတွင် ရရှိနိုင်ပါသည်။ ကျောက်စိမ်းပြား အလှဆင်ခြင်းလုပ်ငန်းများလည်း ဝန်ဆောင်မှုပေးပါသည်။
Company Video
Photo Gallery
View All Photos (10)Location
81-C, Kaytumadi St., Kyauk Yae Twin, Ward [5], Mayangone Township, Yangon , Myanmar
Get DirectionsOpening Hours
- Monday
- 8:00 AM – 5:00 PM
- Tuesday
- 8:00 AM – 5:00 PM
- Wednesday
- 8:00 AM – 5:00 PM
- Thursday
- 8:00 AM – 5:00 PM
- Friday
- 8:00 AM – 5:00 PM
- Saturday
- 8:00 AM – 5:00 PM